ကိုယ်ကဘယ်လို လူမျိုးလဲ ဆိုတာသိဖိုနဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ သိဖို

1.General Generalist လား

2.General Specialist လား

3.Special Generalist လား

4.Special Specialist လား

1# General Generalist
အရာအားလုံး အထွေထွေ ကို ဗဟုသုတ ရှိနေတယ်လို ထင်ရပေမဲ့
သူက ဟိုအရာ ကို ကြားဘူး ဒီအရာက်ု သိသလိုသာ ဖြစ်နေတတ်ပြီး
ကိစ္စရပ် အတော်များများကို သိနေခြင်းဖြစ်ပါတယ် ။ သိုသော် သူက တကယ်သိသလားဆိုတော့ ဂဃ နဏ မသိရှာပါဘူး ။
အထွေထွေ ကို အပေါ်ယံသိသူသာ ဖြစ်ပါတယ် ။ အရာရာသိသယောင်နဲ့ လူကြားထဲတော့ အသံကျယ်လောင်စွာနဲ့ ပြောတတ်သူမျိုးပါ ။ တကယ်တမ်းပြောရရင် ဘာမှ မတတ်သူဖြစ်ပါတယ်။

2# Special Specialist
အထူးပြုဘာသာရပ်တစ်ခုကို အထူးပြုတတ်မြောက်ထားသူတွေဖြစ်ပါတယ် ။ Professional တွေထဲမှာတောင်မှ သူတိုဘာသာရပ်တွေအပေါ်မှာ တပ်မက်စွဲလန်းစွာ လုပ်ကိုင်လေ့ရှိပြီး အသံအတိတ်ဆုံးဖြစ်ပါတယ်။ ကိစ္စရပ်တခုကို ဂဃ နဏ သိရုံမက မဖြစ်ပေါ်သေးသည်ကိုပင် ကြိုတင်တွက်ဆနိုင်စွမ်းရှိသော သူများဖြစ်ပါတယ်။ သူသိသောကိစ္စရပ်တခုကိုသာ သိပြီး ကျန်ကိစ္စများကို စိတ်မဝင်စားသူဖြစ်ပါတယ်။ လူအများကြား စကားမပြော နားထောင်တတ်ပြီး သူ့ဘာသာရပ်ကိုပင် မေးမှပြောတတ်ပြီး မရပ်မနားရှင်းပြနိူင်သူဖြစ်ပါတယ်။

3# Special Generalist
အထူးပြုထားသော ဘာသာရပ် ကိစ္စရပ်တခုခုကို ယေဘူယျ အထွေထွေ သိသူသာဖြစ်ပါတယ်။ ဆိုလိုတာက စီးပွါးရေး နိုင်ငံရေး ဘာသာရပ်တွေကို အထွေထွေ နားလည် သူဖြစ်ပါတယ်။ သိုသော် သူသိသော ဘာသာရပ်ကို သေသေချာချာ ထဲထဲဝင်ဝင် မတတ်ပါဘူး ။ဆိုလိုတာက ဘာသာရပ်တစ်ခုကို ကျွမ်းကျင်သူ ပါ သိုသော် သူ့ဘာသာရပ်မှာရပ်တည် နေသော်လည်း တကယ်တန်း အရေးတကြီးရှိလာရင် လုပ်ကိုင်နိုင်စွမ်း မရှိနိုင်ပါဘူး ။ တခြားသူတွေထက်တော့ သူ့ဘာသာရပ် သူကျွမ်းကျင်ရာက အထင်ကြီးစရာဖြစ်နေတတ်ပါတယ် ။နေရာတကာ မှာ သက်ဆိုင်ဆိုင် မဆိုင် သူ့ကျွမ်းကျင်ရာတွေ ကိုသာချပြနေတတ်သူပါ။

4# General Specialist
အတော်ရှာပါးသော သူမျိုးဖြစ်ပါတယ်။ ကိစ္စရပ်အတော်များများ အရာအရာ မှာ ပြီးပြည့်သုံအောင် သိနေတတ်တာမျိုးပါ ။ ရှေးက ပညာရှိ ပရောဟိတ်တွေလိုမျိုး အရာရာ ကို သိတတ်နေခြင်းပါ။ သူ့ကို မေးလိုက်တာနဲ့ အတော်နှံစပ် ကျွမ်းကျင်နေသောသူမျိုးဖြစ်ပါတယ်။
ဟင်းလေးအိုးကြီးသဖွယ် အရာရာ ဘာလိုချင်ချင် သူ့ဆီမှာ အံ့မခန်း ရှိနေတတ်တာမျိုးပါ။ အရာရာ မှာ အထူးပြုပြီးတတ်မြောက်ထားသူမျိုးဖြစ်ပါတယ်။ ဘယ်အချိန်က ဘယ်လို သင်ထား တတ်ထားမှန်း မသိအောင်ပင် အံ့သြစရာကောင်းနေတတ်ပါတယ် ။ဒီလို လူမျိုးတွေက ပါရမီ ပါလာတတ်ပြီး သင်ကြားတတ်မြောက်လွယ်ပြီး သူတပါးဆီချည်း အမြဲသင်ယူမှန်းမသိ သင်ယူနေတတ်သူတွေဖြစ်ပါတယ်။
သူတိုရဲ့ထူးခြားချက်က စည်ကောင်းတိုမည်သည်တီးမှမြည် ဆိုသလို ပြောသင့်ချိန်ခါမှ ထပြောတတ်ပြီး တခါတရံ ဘာမှမသိသလို နေတတ်တာပါဘဲ ။

ကဲမိတ်ဆွေ သင်ရော ဘယ်လိုမျိုးထဲပါပြီး ကိုယ့်အနားက လူတွေက ဘယ်လို လူမျိုးတွေဖြစ်မလဲ ။
စိတ်ဝင်တစားကျမ လေ့လာမိတာကတော့ နံပါတ်၁ အမျိုးအစား အများစု ကိုတွေ့ရတာပါဘဲ။

မကံကော်

← All writing