မချိုလေသော အမှန်တရား

အချိုမကြိုက် လူမိုက်တဲ့လား
မိုက်တဲ့သူဖြစ်ချင်ဖြစ်ပါစေ
မှားနေတဲ့အချိုတွေ
မသောက်သုံးပါရစေနဲ့။

ဘယ်အမှန်တရားကမှ မချိုနိုင်ဘူး
ခါးသော အမှန်တရား
ခါးချင်သလောက်သာ ခါးလိုက်စမ်းပါ
တစက်ကမှ မချိုလေနဲ့
ချို ချဉ် ငန် စပ် မရောနဲ့နော်
ခါးခါးတူးတူး
ရူးဘဲရူးစေဦးတော့
အမှန်တရားပိုက်၍
အခါးတွေသောက်ကာ ရူးပါရစေ ။

အမှန်အမှား အခါးအချို
သစ္စာ မယွင်း ယောင်မှားမရှိ
အခါး၌သာ သစ္စာ တည်မည်
ရူးတယ်ဆိုလည်း အရူးပေါ့နော်
နားဝင်မချို တဲ့ အမှန်တရား၌သာ
ရူး၍ ရူးကာ နေပါမည် ။

မကံကော်

မချိုလေသောအမှန်တရား

(6.1.2019 မနှစ်ကတည်းကရေးခဲ့တာ
နာဖူးထပ်မံ အဖန်ဖန်တည့် ဆိုစကားနှင့်အညီ လီကွမ်းယု အဆိုအမိန့်တွေ သူဘယ်လိုဆုံးဖြတ်ခဲ့သလဲ ဘာတွေစီမံခဲ့သလဲ အာရှ ကျားလေးကောင်ထဲက တစ်ကောင်ဖြစ်အောင် ဘယ်လို အသက်သွင်းခဲ့သလဲ ။ ငါ့တိူနိုင်ငံ အရင်းအမြစ် resourse တွေမရှိဘူး လူတော် ခေါင်းတစ်ရာနဲ့အလုပ် လုပ်မယ် လွှတ်တော်ထဲ ခေါင်းမကောင်းသူတွေမရောက်စေရဘူးတဲ့ ။
ကျုပ် ခင်ဗျား လိုလူမျိုး လိုချင်မိတယ် )

← All writing