
UN United Nations နဲ့ ASEAN တူတဲ့အချက်က နိုင်ငံတစ်ခုရဲ့အမြင့်ဆုံး အစိုးရအဖွဲအစည်းများနဲ့ဖွဲထားတာဖြစ်ပြီး ဖွဲစည်းရခြင်းအဓိကအချက်က ကွဲပြားပါတယ် ။
UN ကို World War ll အပြီး 1942 ခုနှစ် အင်အားကြီး ၄နိုင်ငံ ( US, UK, USSR, Chaina) က စတင်ခဲ့ကြပေမဲ့ 1945 ခုနှစ်ဇွန် ၂၆ရက်နေ့ မှာ နိုင်ငံပေါင်း၅၀ နဲ့စတင်ဖွဲစည်းခဲ့တာဖြစ်ပါတယ်။
ကြေငြာနိုင်တဲ့အခါမှာတော့ ၅၁ နိုင်ငံ ဖြစ်ပြီး 24 Oct 1945 San Francisco CA ဖွဲစည်းတည်ထောင်ခဲ့ပါတယ် ။
UN ရဲ့ concern ပူပန်မှု က Third World War မဖြစ်ရေး ကိုဦးတည်ခဲ့တာဖြစ်ပြီး Peace and Security အတွက်စတင်ဖွဲစည်းခဲ့တာဖြစ်ပါတယ် ။
ရိုးရိုးလေးပြောရရင်တော့ အင်အားကြီးနိုင်ငံတွေက အင်အားသေးနိုင်ငံတွေအပေါ်နယ်ချဲ့ခြင်းတွေစွန့်လွှတ်ခဲ့ကြပြီး
“ငါ့လည်းမထိပါးနဲ့မင်းလည်းမထိပါးဘူး”
ဆိုတဲ့ မူတစ်ခု security concern ပေါ်အခြပြုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ် ။
အာဆီယံကတော့ မတူပါဘူး
After Second World War အပြီးမှာ ပြန်လည်နိုးထဖို အနောက်နိုင်ငံတွေမှာ စက်မှုတော်လှန်ရေးတွေအောင်မြင်ပြီး အာရှမှာတော့ စက်မှုတွေမထွန်းကားနိုင်ဘဲ စီးပွားရေးမူဝါဒအသစ်တွေ ကုန်သွယ်မှု ဖလှယ်မှု မူဝါဒတွေကနေ အာရှကျားလေးကောင် ပေါ်ထွန်းပြီး Global Market ကိုထိုးဖောက်လာနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် စက်မှုလည်း စတင်တီထွင်သူတွေမဟုတ် စိုက်ပျိုးရေး မွေးမြူရေး နဲ့ လက်မှု သာအားကိုး နေရသော စီးပွားရေး အင်အားချိုတဲ့သော အရှေ့တောင်အာရှနိူင်ငံများက တစ်နိူင်ငံထဲနဲ့ကတော့ ဒီအတိုင်းရပ်တည်လိုကတော့ ကမ်ဘာ့ စျေးကွက် world market ကို မယှဥ်နိုင်ေချဘူး ဆိုပြီး တိုများအတွက်စုစည်းမှဖြစ်တော့မယ်ဆိုပြီး 1967ထိုင်းနိုင်ငံဘန်ကောက်မြိုမှာ ဖိလစ်ပိုင် အင်ဒိုနီးရှား မလေးရှား စက်ာပူ နဲ့ ထိုင်း ၅ နိုင်ငံက သဘောတူညီလက်မှတ်ရေးထိုးစတင်ဖွဲစည်းခဲ့တာဖြစ်ပါတယ် ။
ရည်ရွယ်ချက်ကွာခြားပါတယ်
UN က လုံခြုံရေးအတွက် အဓိကထားဖွဲခဲ့တာဖြစ်ပြီး
အာဆီယံက တော့ Economic ကိုအခြေခံဖွဲခဲ့တာဖြစ်ပါတယ် ။
အဓိက အချက်ကြီး ၃ ရပ်ပေါ်မှာ မူတည်ခဲ့သော အာဆီယံက
Economic ,Social and Culture ပေါ်မှာ မူတည်ခဲ့ပါတယ် ။
နောက်ပိုင်းမှာတော့ ဒေသတွင်း ငြိမ်းချမ်းရေးကို အားပေးပြီး အာဆီယံ နိူင်ငံများအကြား နိုင်ငံရေးမူဝါဒများကို အပြန်အလှန်လေးစားရန်ဆိုတာကိုပါ ထည့်သွင်းလာတာဖြစ်ပါတယ်။
UN မှာက Super Power ခွဲဝေမှု
Voting စနစ် နဲ့ စီမံခန့်ခွဲမှုတွေ အားကြီး အားကောင်းလှပြီး အရေးယူမှုနဲ့ သက်ရောက်စေမှု တွေပါဝင်ပါတယ်။
အာဆီယံ က Voting စနစ်နဲ့ မဟုတ်ဘဲ Concensus ကို အခြေခံပြီးဖွဲထားတာဖြစ်ပါတယ် ။
” Concensus “
ဒီစကားလုံးဟာ အာဆီယံရဲ့ သက်ဝင်လှုပ်ရှားမှု ကမ်ဘာ World ကို ကိုင်လှုပ်နိုင်ခဲ့တယ်လိုပြောရမယ်ထင်ပါတယ်။
ဘာကြောင့်လဲ အစုအဖွဲ သဘောတူညီမှုပါ
ဒီစကားရပ်က အာဆီယံနိူင်ငံများအပေါ် အနောက်နိုင်ငံ များက အာရုံစိုက်စေလာပြီး အမေရိကန် နဲ့ ဂျပန်ကပင်လျင် Asean Summit + US
ASEAN+ Japan ဖြစ်စေတော့တာပါဘဲ။
Asean နိုင်ငံများအကြားမှာ power ခွဲဝေမှူ မဲခွဲစနစ်များ မရှိဘဲ အားလုံးသဘောတူ မှလုပ်မယ် တစ်နိုင်ငံကသဘောမတူတာနဲ့ပျက်ပြယ်ပါတယ်။
နိုင်ငံတွေအကြား Power Balance ထားတယ်လိုဆိုရမှာဖြစ်ပါတယ်။
ဒါကြောင့် တစ်နိုင်ငံတည်း ရပ်တည်လို အင်အားမမျှ ပေမဲ့ အာဆီယံနိူင်ငံအဖွဲဝင်အနေနဲ့ မျက်နှာ မငယ်ရတော့ပါဘူး ။
အလှည့်ကျ Chairman စနစ်နဲ့ မဲခွဲစရာမလိုဘဲ အာဆီယံ ဥကဌ နဲ့ စီမံခွင့်လည်း ရခဲ့ကြပါတယ် ။
အာဆီယံ နိုင်ငံတွေ တစ်စ တစ်စ ပေါင်းစည်းမိလာတဲ့ အခါမှာ World Market ကို ကိုင်လှုပ်နိုင်ဖိုအခြေအနေတစ်ရပ်ဖြစ်တည်လာပါပြီ world Population နဲ့ Distribution ကို အာဆယံက သက်ရောက်စေပါပြီ
နောက်ပိုင်း AEC Asean Economic Community ကိုပါတည်ဆောက်ပြီး သဘောတူညီချက်တွေထုတ်ပြန်တဲ့အခါမှာတော့
အာဆီယံ အစည်းအဝေးကျင်းပရာ နိုင်ငံတွေကို World Super Power နိုင်ငံတွေက တောင်းဆိုရပါတော့တယ် ငါတိုမင်းတိူနဲ့တွေ့ဆုံပါရစေ ပေါ့ ။
ဒီအခြေအနေမှာ အာဆီယံ က အဖွဲဝင်မဟုတ်သော နိုင်ငံများနဲ့ တွေ့ဆုံမှုကိုလည်း အားလုံးသဘောတူမှ ပြုလုပ်ခွင့်ရမှာ ဖြစ်ပါတယ် ။
အာဆီယံရဲ့ အရေးပါမှုက မြေပြင်အနေအထားမှာ သမုဒရာ ကြီးများ ထိစပ်နိုင်ငံတွေ ရေပိုင်နက်တွေနဲ့ ကမ်ဘာ့ ကုန်သွယ်မှု အတွင်း လစ်လျုရှုလိုမရတော့တာ သေချာလာခဲ့ပါတယ်။
တနိုင်ငံထဲက ကုန်သွယ်မှု ပမာဏ ကို မတိုးမြင့်နိုင်ပေမဲ့ အာဆီယံ က တိုးမြင့်စေခဲ့ပါတယ်။
2015 KL Malaysia US President Obama နဲ့ အာဆီယံ အစည်းအဝေး
President Obama နဲ့ Youth Summit မှာ ကျမ လည်း ကံထောက်မလို ပါဝင်ခဲ့ဘူးပါတယ် ။
ကျမ ကိုယ်တိုင် ကြားပြီး ခံစားမိတာက အာဆီယံ ကို ကမ်ဘာက ပစ်ပါယ်လိုမရတော့ဘူးဆိုတာပါဘဲ
World Market Share ဖြန့်ဝေပုံ အခွင့်အလန်းတွေ အများကြီးရှိနေတာ အသေအချာပါဘဲ ။
အာဆီယံ က နိုင်ငံရေး ဝင်ရောက်စွက်ဖက်ခွင့်ရှိ မရှိ
အရေးယူမှု ပစ်မှုပစ်ဒဏ် ဆောင်ရွက်ပိုင်ခွင့်ရှိ မရှိ ထပ် ဆွေးနွေးပေးပါမယ်
AEC ရဲ့ စိတ်ဝင်စားဖွယ်ရာ သဘောတူညီချက်တွေ
AEC အသက်ဝင်လာရင် ကျမ တိုဘာတွေနစ်နာမလဲ ဘာတွေအသာရမလဲ
မြန်မာနိုင်ငံအခွင့်အလန်းတွေ အခက်အခဲတွေ သိချင်ရင် ဆက်ရေးပေးပါဦးမယ် ။