ဥယျာဥ်မှူး ကောင်း

သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ …. ပစ္စည်း ဥစ္စာ ငွေကြေး တွေ ရှာဖွေ ပေးယုံ နဲ့မရဘူး ။

စာနာခြင်းးတရား သိရှိခံစား တတ်အောင် သင်ပြပေးနိုင်ရတယ်။

ခွင့်လွှတ်ခြင်း ရဲ့အရသာ နဲ့ စွန့်လွှတ်ရဲအောင် သင်ပြပေးနိုင်ရတယ်။

မေတ္တာဆိုတာကို နားလည်ခံစားတတ်စေဖိုလည်း တာ၀န်ကျေရတယ်။

မေတ္တာကို ပြန်ပေးတတ်ဖိုလည်း တာ၀န်ကျေရတယ်။

စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။

ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖိုအတွက်လည်း တာ၀န်ကျေရတယ်။

အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။

အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို တာ၀န်ကျေရတယ်။

လဲကျ ရှုးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို တာ၀န်ကျေရတယ်။

ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖိုလည်း တာ၀န်ကျေရတယ်။

စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်။

ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတိုတွေကို ထားခဲ့နိုင်ဖိုက ပြင်ဆင်ထားနိုင်ဖို လိုပါတယ် ။

ကိုယ်မွေးလိုက်တဲ့ သား၊ ကိုယ်မွေးလိုက်တဲ့သမီး၊ ကိုယ်မပါဘဲ ရပ်တည်နိုင်ပြီ လို စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။

ဥယျာဥ်မှူး ကောင်းတွေ ပီသဖို ကျမ တိုကိုယ်တိုင် သင်ယူတတ်ဖို လိုပါတယ်။

သင်ယူနေဆဲ ….

မကံကော်

← All writing