
တန်ဖိုး နဲ့ တန်ဘိုးကွာခြားချက်ကို တင်ပြပေးခဲ့ပြီးပါပြီ။
လူတွေက အနီးအနားက အရာတွေထက် ဝေးက အရာတွေအပေါ် တန်ဘိုးထား သတ်မှတ်မှုက ပိုကြီးတတ်ကြပါတယ် ။
မိမိ နဲ့ ဆုံတွေ့ပတ်သက်ခွင့်ရသူတိုင်းကို တန်ဘိုးထားစေချင်ပါတယ် ။
လူေတွရဲ့ အာရုံခံစားနှိင်စွမ်း အမျိုးမျိုး ရှိတဲ့ အနက်မှာ အင်မတန် ထူးဆန်းတဲ့ ခံစားမှု ထူးခြားတဲ့ခံစားမှုတစ်ခုရှိပါတယ်..။
ဘာလဲဆိုတော့..
ကိုယ်နဲ့ထိတွေ့ဆက်ဆံရသူတွေထဲမှာ..
ဘယ်သူကတော့ စိတ်ရောကိုယ်ပါ နက်နက်ရှိင်းရှိင်းရှိတယ်..
ဘယ်သူကတော့ အပေါ်ယံကလေး ဆက်ဆံနေတယ်..
ဘယ်သူကတော့ ကိုယ့်ကိုတန်ဘိုးထားလေးစားမှုရှိတယ်..
ဘယ်သူကတော့ ကိုယ့်ကို အထင်သေးတယ်..တန်ဘိုးမထားဘူး..
စသဖြင့် အလိုလိုခန့်မှန်းသိမြင်နေတဲ့ အာရုံခံစားမှုတစ်မျိုးပါ..။
မိမိ ကို သူတစ်ပါးက ဘယ်လိုဆက်ဆံသလဲဆိုတာ ခံစားနိုင်သလို..
သူတစ်ပါးကလည်း ကျွန်မတိုဆက်ဆံတဲ့တန်ဘိုးထားမှု အတိမ်အနက်ကို
သေချာပေါက်အာရုံခံစားနိုင်စွမ်းရှိမှာပါတယ်.။
ကိုယ့်အပေါ် အကြည့်ကလေးတစ်ချက်နဲ့တင် နာကျင်အောင် သူများကလုပ်နိုင်
သလို..
ကိုယ့်ရဲ့မျက်ဝန်းထဲက အရိပ်ကလေးတစ်ခုကလည်း သူတစ်ပါးကို နာကျင်ထိခိုက်စေနိုင်ပါတယ် ။
ဘယ်သူ့ကိုမှ အထင်မသေးမိပါစေနဲ့
ကျွန်မတိုနဲ့ အကြောင်းတိုက်ဆိုင်လို ဆုံတွေ့ပတ်သက်လာတဲ့သူတိုင်းကို
တန်ဘိုးထားပြီးဆက်ဆံကြရအောင်…။
ကိုယ်က တန်ဘိုးထား ပါလျက် ကိုယ့်အပေါ် ပေါ့ဆ လျော့ရဲစွာ မသိကျိုးနွံပြုတဲ့ သူများကို ဆိုရင်ရော ?
လွယ်လွယ်လေးပါဘဲ မျက်နှာလေးလွှလိုက်က်ပါ။