လွမ်းတယ်

ညညတွေ အိပ်မရ
ထထ စားတဲ့
မိုးလင်း မိုးချုပ် နဲ့ ဟုမ်းဆရာစံ
အထွေအထူးတွေအော်တဲ့
ပွင့်သစ်ဆန်းလည်း
လွမ်းတယ်။

မနက်မနက် အိပ်ရာကမထ
ဝယ်ပေးထားတဲ့
မြောင်းမြ ဒေါ်ချို
ဘိုကလေး ဒေါ်ညို
ခင်ထွေးရီ တိုလည်း
လွမ်းတယ်။

ဆယ်ခါတခါ အိပ်ယာထ
စောစောဆွဲရတဲ့ အိုရီရမ်တယ်ဟောက်စ်
ဆစ်ခ်နေချာ တော်ဝင်နှင်းဆီ
၆မိုင်ခွဲက ကုန်းမြင့်သာလည်း
လွမ်းတယ် ။

တခါတရံ ပျော်မြူး
အဖော်အထူးတွေနဲ့
ရေဒီယို ဘား
သည်အိုးစကူး
ပီအမ် သရီး
တီဂျီ ဘား ဟာရီဘား
အို ပလီ ပလာ စကားများးတဲ့
မြန်မာပလာဇာ ကြီးလည်း
လွမ်းတယ် ။

အူးပူ ဆိုတာ အများကြီးပေါ့
ဟော့ပေါ့စီးတီး ဒီအိုင်ဝိုင်
ဟော့ပေါ့ကင်း
မာလာနဲ့ရှမ်းကော ရောထားတဲ့
ချီလီပေါ့ပ် လည်း
လွမ်းတယ်။

ချို ချဉ် ငန်စပ်
အစပ်အဟပ် တည့်သော
ထ်ုင်းပလပ်စ် မြနန္ဒာ
မင်းလမ်း ကောင်းစံ
သည်လော့ ဂျေစီဆဲဗင်း
ဆိုဟို ဘား လည်း
လွမ်းတယ်။

ကော်ဖီပူလေးနဲ့
ရင်တုန်အောင်ဆွဲဆောင်တတ်တဲ့
ဘလက်ကန်ညွှန် သုံးခြောက်ငါး
မိုင်ဂါးဒင်း တွန်အန်တွန်
ရန်ကုန်တီးဟောက်စ်
ဖူဂျီဟောက်စ် ကြီးလည်း
လွမ်းတယ် ။

အာရှမှာ ဂျပန်ဆိုလေတော့
ဘီကုရိ အီုအိရှီ
ဟီကာရီ ရေမန်ဘား ကြီးလည်း
လွမ်းတယ် ။

လမ်းပေါ်က ဘာဆိုလား
စတွစ့်အွန်သည်စွစ်
ဘာကင် ညာကင် ရတဲ့
ဟို အဒေါ်ကြီးလည်း လွမ်းတယ် ။

တညလုံးရောင်းတဲ့ ထမင်းကြော်တွေနဲ့
ဆိတ်စွပ်ရောင်းတဲ့ ကုလားကြီး
လိမ်းထိပ်က တိုရှည်အမကြီး
မော်ဒန်ကအသုပ်စုံ
မာမူ ကြီး ဆမူဆာသုပ်
ကြက်သားသုပ်တွေလည်း
လွမ်းတယ် ။

ဘာဘာညာညာ
တီတီတာတာတွတ်ထိုး
ဟိုအပျိုသိုးတွေလည်း
လွမ်းတယ် ။

အော်. . . . လွမ်းတယ် ။

မကကော်

စာပေကဗျာ

← All writing