
အဖိုးထိုက်တန်သော တန်ဖိုးကြီးသော
နှစ်လိုဖွယ်ဖြစ်သော ခက်ခဲသော ရှားပါးသော ကန့်သတ်ချက်တွေရှိသော
စသည် စသည်ဖြင့် အဓိပ္ပါယ်ပေါင်းများစွာ ရှိပါတယ်။
ဒါတွေကြောင့် မွေဖွားလာသော သားသမီးတွေကို ” ရတနာ ” လိုတင်စားကြပါတယ် ။
တခြားအဓိပ္ပါယ်တစ်ခုက ရတနာ ဆိုတာ ရယူချင်တိုင်း ပိုင်ဆိုင်ချင်တိုင်း ရယူပိုင်ဆိုင်လို မရနိုင်တာပါဘဲ ။
ထိုက်တဲ့သူ မှ ” ရတနာ ” ဆိုတာကိုရနိုင်ပါသတဲ့ ။
ဒါေတွကြောင့်လည်း တန်ဖိုးကြီးသော တန်ဖိုးထားသောအရာတွေကို’ ရတနာ ‘ ဆိုတဲ့ အရာနဲ့တွက်ဖက်လို
သားသမီး ရတနာ
ကျောက်မျက် ရတနာ
ပညာ ရတနာ ရယ်လိုတွဲဖက်အမည်တွင်လာကြပါတယ်။
ရှေးပဝေသဏီ ဘုရားရှင်မပွင့်မူခင်ကတည်းက တိုင်းပြည်တွေမှာ ရတနာ ရယ်လို သတ်မှတ်ထားကြတာတွေအများကြီးရှိခဲ့ပါတယ် ။ကိုယ့်လူမျိုး ကိုယ့်အကြိုက် ကိုယ့်စံ ကိုယ်တန်ဖိုးထားမှုတွေ မတူညီကြသော်လည်း တူညီသောတန်ဖိုးထားမှုရှိခဲ့ပါတယ်။
အဲ့တာကတော့ တိုင်းပြည်တစ်ခုမှာ ချောမောလှပပြီး နှစ်လိုဖွယ် စံနမူနာပြုဖွယ် ရှိသော လှပတင့်တယ်သော အမျိုးသမီးကို တိုင်းပြည်ရဲ့ရတနာ အဖြစ် သတ်မှတ်ခြင်းပါဘဲ။
တိုင်းပြည်တစ်ခုနဲ့တစ်ခု စစ်မက်မဖြစ်ပွားရအောင် စီမံရာတွေမှာလည်း လှပသော အမျိုးသမီးကို ဆက်သခဲ့ရတာတွေက သမိုင်းအထင်အရှားရှိခဲ့တယ်။
လှပချောမောသော အမျိုးသမီးများပိုင်ဆိုင်ထားတဲ့တိုင်းပြည်က ရတနာ တစ်ခု ပိုင်ဆိုင်ခြင်းပါဘဲ။
သိုသော် အထက်မှာပြောခဲ့သလို ပိုင်ဆိုင်ထိုက်မှ တန်ဖိုးသိမှ တန်ဖိုးရှိပါလိမ့်မယ် ။
အဖိုးအနဂ္ဃထိုက်သော်လည်း ရတနာမှန်းမသိလို မြုပ်ကွယ်နေကြသော ရတနာများစွာက မြင်ကွင်းကွယ်ရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် “ရတနာ” ေတွကိုတူးဖော်နေကြရတာပေါ့ ။
ဒီလိုဆိုရင် ရတနာတွေကို အသုံးချတတ်မှု မှန်ကန်ဖိုလိုပါတယ်။ အသုံးချမှုလွဲရင်တော့ ပိုင်ဆိုင်သူထက် အသုံးချတတ်သူအတွက်သာ ခံစားရပါလိမ့်မယ်။
ဒီတကြိမ်မှာတော့ ထူးခြားလွန်းတဲ့ ပြင်ဆင်တင်ဆက်မှုကို ချီးမွမ်းအသိအမှတ်ပြုကို ပြုရမှာဖြစ်ပါတယ်။
တီထွင် ဆန်းသစ်တယ်ဆိုတာထက်
အတွေးစိတ်ကူး အရင်းအမြစ် idea source ဖန်တီးနိုင်မှုစွမ်းအား creativity power ဆန်းသစ်တီထွင်မှုအမြင် innovation lens ၊ စနစ်ကျေသာ ဒီဇိုင်းsmart design ၊ လိုက် ေလျာညီေထွနေသော ဝတ်စားပြင်ဆင်မှု Harmonic dressing ၊ သီးခြားထူးခြားခွဲထွက်မှု Unique & Distinctive စသည်စသည်တိုများစွာဖြင့် လှုပ်ခတ်သွားနိုင်စေခဲ့ပါတယ်။
တီထွင်တယ် ဆန်းသစ်တယ်ဆိုတိုင်းကောင်းမွန်ခြင်းမဟုတ်သလို အောင်မြင်ခြင်းကလည်းမသေချာပါဘူး ။တချိုတီထွင် ဆန်းသစ်မှုေတွက မတင့်တယ်ခြင်းမသပ်ရပ်ခြင်း ကစဥ်ကလျားဖြစ်ခြင်းတွေအောက်မှာကျရှုးခြင်းတွေအများကြီးပါ။
Congratulations Thame Thae Thae & TT’s group .
ရတနာ ဟူသည်
ရတနာမည်အောင်
ရတနာ ထိုက်စွာနေခြင်းအားဖြင့်
နိုင်ငံ့ ရတနာဖြစ်ပါစေ ….။